JMTS Toshin Japanese Language & Training School

အထူးကျွမ်းကျင်လုပ်သားစနစ်ဆိုတာ

၁။ အထူးကျွမ်းကျင်လုပ်သားစနစ်ဆိုတာ ဘာလဲ

၂၀၁၉၊ ဧပြီလမှစတင်၍ လက်ခံကျင့်သုံးလာသည့် နိုင်ငံခြားသားအလုပ်သမားများ နေထိုင်လုပ်ကိုင်ရန်အတွက် စနစ်သစ်တစ်ခုဖြစ်သည်။ လူသားအရင်းအမြစ်လုံလောက်မှုမရှိတော့သည့် လုပ်ငန်းအမျိုးအစား(၁၄)ခု၌ နိုင်ငံခြားသားအလုပ်သမားများပိတ်ပင်ထားခြင်းကို ရုပ်သိမ်းခဲ့သည်။

လက်ရှိအလုပ်သင်သင်တန်းသားစနစ်နှင့် မတူဘဲ၊
・ချက်ချင်းလုပ်ဆောင်နိုင်သည့် လုပ်သားအင်အားကို သေချာပိုင်နိုင်စွာရရှိနိုင်ခြင်း။
・တည်တည်တံ့တံ့ လုပ်ကိုင်တတ်သော နိုင်ငံခြားသားအလုပ်သမားများကို ခန့်ထားနိုင်ခြင်း။
・၅နှစ်နှင့်အထက် ဆက်လက် အလုပ်လုပ်ကိုင်နိုင်ခြင်း။
・အထူးကျွမ်းကျင်လုပ်သား အဆင့်(၂) အလုပ်ခန့်အပ်ခြင်းအရ မိသားစု၀င်များကို ခေါ်ဆောင်နိုင်ခြင်း။
စတဲ့ လုပ်သားမလုံလောက်မှု‌ကြောင့်ပူပန်နေရသည့် လုပ်ငန်းရှင်များအနေဖြင့် “အချိန်ကြာမြင့်စွာ အတူတကွ အလုပ်လုပ်ကိုင်နိုင်သော အလုပ်သမား၀န်ထမ်းများ”ခန့်ထားနိုင်မည်ဖြစ်သည်။

နည်းပညာအလုပ်သင်သင်တန်းသားစနစ်မှာတော့
“ကျွမ်းကျင်မှုတစ်ခုပိုင်နိုင်စွာသင်ယူရရှိခြင်း”ကို ရည်ရွယ်ပြီး တည်ထောင်ထားခြင်းဖြစ်ပေမယ့်

အထူးကျွမ်းကျင်လုပ်သားစနစ်မှာဆိုရင်တော့
လုပ်သားအင်အား မလုံလောက်မှုဖြစ်ပေါ်နေသည့် လုပ်ငန်းများကို အဓိကထား၍ မိမိတို့၏ကျွမ်းကျင်သည့်နယ်ပယ်နှင့်အတတ်ပညာများရရှိထားကြသည့် လက်တွေ့လုပ်ငန်းခွင်အတွင်း အသုံးချနိုင်စွမ်းရှိသည့် နိုင်ငံခြားသားလုပ်သားများကို လက်ခံပေး‌ခြင်းကိုဆောင်ရွက်နိုင်ပါသည်။

အထူးကျွမ်းကျင်လုပ်သားအလုပ်အကိုင် (၁၄)မျိုး

၁။ ဆောက်လုပ်ရေးလုပ်ငန်း

၂။ ဟိုတယ်လုပ်ငန်း

၃။ ငါးလုပ်ငန်း

၄။ စက်ပစ္စည်းကုန်ကြမ်းထုတ်လုပ်ရေးလုပ်ငန်း

၅။ သ‌င်္ဘောကျင်းလုပ်ငန်း

၆။ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးလုပ်ငန်း

၇။ စားသောက်ကုန်ထုတ်လုပ်‌ရေးလုပ်ငန်း

၈။ လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း

၉။ ကားစက်ပြင်လုပ်ငန်း

၁၀။ အဆောက်အဦသန့်ရှင်းရေးလုပ်ငန်း

၁၁။ စားသောက်ဆိုင်၀န်ဆောင်မှုလုပ်ငန်း

၁၂။ လေဆိပ်လုပ်ငန်း

၁၃။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း

၁၄။ ကုန်ကြမ်းပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း


စုစုပေါင်း အလုပ်အကိုင် ၁၄

Tokutei Ginou ဗီဇာ၏ နေထိုင်ခွင့်အမျိုးအစားများ

Tokutei Ginou အဆင့် ၁

အဆင့် ၁ တွင် သတ်မှတ်ထားသော ကုန်ထုတ်လုပ်ငန်းများအတွက် သင့်တင့်သော အရည်အချင်းနှင့် အတွေ့အကြုံရှိသော နိုင်ငံခြားသားများကို နေထိုင်ခွင့်ပေးသော ဗီဇာအမျိုးအစားဖြစ်သည်။

ဂျပန်နိုင်ငံတွင် စုစုပေါင်း ၅နှစ် နေထိုင်ခွင့်ရှိပြီး မိသားစုကို ခေါ်ယူခွင့် မရှိသေးပါ။

ဂျပန်နိုင်ငံအနေဖြင့် Tokutei Ginou လုပ်သားများကို ပိုမိုခေါ်ယူရန် အစီအစဉ်ရှိသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် စည်းမျဉ်းစည်းကမ်းအသစ်များ ချမှတ်ဆောင်ရွက်နေရသဖြင့် ယခုလက်ရှိတွင် Training Visa သက်တမ်းပြည့်သူများကိုသာ Tokutei Ginou သို့ ကူးပြောင်း၍ခန့်အပ်နိုင်ပါသေးသည်။

Tokutei Ginou အဆင့် ၂

အခြေခံအားဖြင့် Tokutei Ginou အဆင့် ၁ ပြီးဆုံးပြီးသူများအတွက် တစ်ဆင့်ထပ်တိုး ခန့်အပ်သည့် ဗီဇာအမျိုးအစားဖြစ်သည်။

၂၀၂၁ခုနှစ်အထိ
ဆောက်လုပ်ရေးလုပ်ငန်းနှင့် သင်္ဘောကျင်းလုပ်ငန်း ၂ခုကိုသာ ခွင့်ပြုပေးထားသော်လည်း

၂၀၂၂ခုနှစ်မှစတင်၍
ကျန်ရှိလုပ်ငန်းတော်တော်များများကိုလည်း အဆင့် ၁ မှ အဆင့် ၂ သို့ သက်တမ်းတိုးခွင့်ကို
ခွင့်ပြုပေးထားပါသည်။

Tokutei Ginou အဆင့် ၂ ဖြစ်ခဲ့လျှင်
–      မိသားစုအားခေါ်ယူနိုင်ခွင့်
ဗီဇာနှစ်အကန့်အသတ်မရှိသလောက်ဖြင့် အလုပ်ဆက်လုပ်နိုင်ခြင်း
စသည့် နှစ်ရှည်အလုပ်လုပ်နိုင်သော နိုင်ငံခြားသားလုပ်သားများကို ခန့်အပ်နိုင်မည်ဖြစ်ပါသည်။

၄။ Tokutei Ginou နှင့် Training Visa ကွာခြားချက်

“အပြည်ပြည်ဆိုင်ရာကူညီထောက်ပံ့ဆောင်ရွက်မှု” “ဖွံ့ဖြိုးဆဲနိုင်ငံများသို့ နည်းပညာဖြန့်ကျက်မှု” စသည်တို့က Training Visa စနစ်ဖွဲ့စည်းထားခြင်း၏ အဓိကရည်ရွယ်ချက်ဖြစ်သည်။

သို့အတွက်‌ကြောင့် အလုပ်သမားတစ်ဦးအနေဖြင့်မဟုတ်ဘဲ ဂျပန်နိုင်ငံ၏နည်းပညာကို သင်တန်းသားများသို့ သင်ကြားပေးရသောစနစ်ဖြစ်ခြင်းကြောင့် အလုပ်သမားအနေဖြင့်ခန့်အပ်ခြင်းကို သတ်မှတ်ထားနိုင်ခြင်းမရှိပါ။

Tokutei Ginou သည် နိုင်ငံခြားသားများကို “ အလုပ်သမား” အဖြစ် အလုပ်ခန့်အပ်ခွင့်ရှိပြီး ကျွမ်းကျင်ပြီးလုပ်သားများကို ခန့်အပ်နိုင်ခြင်း ကျယ်ပြန့်တဲ့လုပ်ငန်းတော်တော်များများတွင် ခန့်အပ်နိုင်သည့် အကျိုးကျေးဇူးများရှိသည်။

ကာလကြာမြင့်စွာအတူတကွလုပ်ကိုင်ပေးမည့်အလုပ်သမားကိုခန့်အပ်လို့ပါက Tokutei Ginou စနစ်ကိုအသုံးပြုပြီးခန့်အပ်ကာ လုပ်သားကိုပြုစုပျိုးထောင်သွားနိုင်ပါသည်။