JMTS Toshin Japanese Language & Training School

Work Visa နှင့် ပတ်သက်၍

Work Visa

Work Visa ဆိုသည်မှာ နည်းပညာ အတတ်ပညာ နှင့် အပြည်ပြည်ဆိုင်ရာ စီးပွား‌ရေးလုပ်ငန်းနယ်ပယ်များတွင် ၀င်ရောက်လုပ်ကိုင်ရမည့် ပြည်၀င်ခွင့်ဗီဇာဖြစ်ပါသည်။

ဂျပန်နိုင်ငံ၏အစိုးရနှင့်ပုဂ္ဂလိကဆိုင်ရာအဖွဲ့အစည်းများ၏ သဘောတူစာချုပ်များအပေါ်အခြေခံ၍ လုပ်ကိုင်ဆောင်ရွက်ရသည့် သိပ္ပံပညာ အင်ဂျင်နီယာ နှင့် အခြားသော သဘာ၀သိပ္ပံပညာရပ်ဆိုင်ရာ နယ်ပယ်များ ဥပမာ ဥပဒေပညာ စီးပွားရေးပညာ လူမှု‌ရေးပညာ နှင့် အခြားသော လူမှုသိပ္ပံပညာ စသည့်နယ်ပယ်များတွင် ပါ၀င်သည့် နည်းပညာနှင့်အသိပညာများကိုလိုအပ်ကြသည့် စီးပွား‌ရေးလုပ်ငန်းများ သို့မဟုတ် နိုင်ငံရပ်ခြားယဉ်ကျေးမှုအခြေခံရှိပြီး စဉ်းစားတွေးခေါ်နိုင်မှု သို့မဟုတ် ကောင်းစွာသိရှိနားလည်နိုင်မှုကိုလိုအပ်ကြသည့် စီးပွားရေးလုပ်ငန်းများတွင် ၀င်‌ရောက်လုပ်ကိုင်ကြသည့်လုပ်ကိုင်ဆောင်ရွက်မှုများ

(လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲရေး အေဂျင်စီ)https://www.moj.go.jp/isa/applications/status/gijinkoku.html

သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်၏ကျွမ်းကျင်မှု၊ လုပ်ငန်းဆိုင်ရာအသိပညာနှင့်အတွေ့အကြုံရှိသည့် နိုင်ငံခြားသားများကို ဂျပန်နိုင်ငံ၌အလုပ်၀င်ရောက်လုပ်ကိုင်ရန်ရည်ရွယ်ပြီး ဖန်တီးထားသည့် နေထိုင်လုပ်ကိုင်နိုင်ခွင့်အရည်အချင်း။ အလုပ်အကိုင်ကာလသတ်မှတ်ထားခြင်းမရှိသော်လည်း ဂျပန်နိုင်ငံ၌လုပ်ကိုင်ဆောင်ရွက်မည့် လုပ်ငန်းပိုင်းဆိုင်ရာအ‌ကြောင်းအရာနှင့် ‌‌ဒေသခံဘွဲ့ရသည့်မေဂျာဘာသာရပ် ဒေသခံလုပ်ငန်းအတွေ့အကြုံများသည် ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးရန် အခြေအနေများအဖြစ်သတ်မှတ်ချက်ဖြစ်နေသည်။

ပြည်၀င်ခွင့်လက်ခံသည်အထိ လုပ်ဆောင်မှုအဆင့်ဆင့်

ဂျပန်နိုင်ငံတွင် နေထိုင်ရန် လျှောက်လွှာတင်ပြီး COE တစ်ခု ထုတ်ပေးပြီးနောက် မြန်မာနိုင်ငံရှိ စမတ်ကတ်တစ်ခုအတွက် လျှောက်လွှာတင်ပြီး မြန်မာနိုင်ငံရှိ ဂျပန်သံရုံးတွင် ဗီဇာအတွက် လျှောက်လွှာတင်ခြင်းကို ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သည်။

လျှောက်လွှာတင်ခြင်းလုပ်ထုံးလုပ်နည်းများနှင့် လိုအပ်သောစာရွက်စာတမ်းများအတွက် လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှု အေဂျင်စီရဲ့ ဝက်ဘ်ဆိုက်ကို ကျေးဇူးပြု၍ စစ်ဆေးပါ။
https://www.moj.go.jp/isa/applications/status/gijinkoku.html

ဂျပန်နိုင်ငံသို့ ပေးပို့လျှောက်ထားခြင်းအပါအဝင် ခန့်မှန်းခြေ ၄ လမှ ၅ လခန့်ကြာပြီးနောက်အတွင်း ၀င်ရောက်အလုပ်လုပ်ရမည်ဖြစ်သည်။

Toshin ဂျပန်ဘာသာစကားနှင့် လေ့ကျင့်ရေးကျောင်းမှ ကျောင်းသားများကို လက်ခံခြင်းကိစ္စတွင် စာရွက်စာတမ်များလုပ်ကိုင်‌ဆောင်ရွက်နေစဉ်အတွင်း ဂျပန်နိုင်ငံတွင် အလုပ်လုပ်ရန်အတွက် ဘာသာစကားပညာ၊ စီးပွားရေးအသိပညာ၊ ယဉ်ကျေးမှုနှင့်ဓ‌လေ့ထုံးစံ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ အမူအကျင့်များစသည့် အလုပ်လုပ်ရန် လိုအပ်သော ကျွမ်းကျင်မှုများကို သင်ယူရပါမည်။