JMTS Toshin Japanese Language & Training School

ホーム – မြန်မာဘာသာ

မြန်မာလူငယ်များ ဂျပန်ကုမ္ပဏီများတွင် အလုပ်အကိုင်ရရှိရေးအတွက် ဘာသာစကား၊ လုပ်ငန်းပိုင်းဆိုင်ရာပညာရပ်နှင့် အနာဂတ်တက်လမ်းအတွက် အထောက်အပံ့ပေးခြင်းများသည် မြန်မာနိုင်ငံ၏ဖွံဖြိုးတိုးတက်မှုကို တစ်ထောင့်တစ်နေရာက ပါဝင်ဖြည့်စည်းပေးသည်ဟု ယူဆပါသည်
Think Globally, Act Locally
လို့ခေါ်တဲ့ ယုံကြည်ချက်အတိုင်း မြန်မာလုပ်သားများနှင့်ဂျပန်လုပ်ငန်းရှင်များအကြား တံတားသဖွယ် ပေါင်းကူးရေးအတွက်ဖော်ဆောင်သွားပါမည်

ရရှိနိုင်သောဝန်ဆောင်မှုများ

JMTSတွင် မြန်မာလူမျိုးများအတွက် ဂျပန်စကားသင်ကြားခြင်းနှင့် ဂျပန်နိုင်ငံတွင်အလုပ်ရရှိရေးအတွက် အထောက်အပံ့ပေးပါသည်

Technical Intern Training (TIT Visa)

JMTS တွင် နှစ်ဝက်မှတစ်နှစ်အထိ ဂျပန်ဘာသာစကားနှင့် လုပ်ငန်းပိုင်းဆိုင်ရာသင်တန်းများကို
သင်ယူထားသည့် လုပ်သားများကို မိတ်ဆက်ပေးလျှက်ရှိပါသည်

Tokutei Ginou Visa

2019 April ကမှ စတင်တဲ့ နိုင်ငံခြားသားအလုပ်သမားဗီဇာအသစ်ဖြစ်ပါတယ်။ Tokutei ကျွမ်းကျင်အောင်လက်မှတ်အတွက် သင်တန်းများကိုဖွင့်လှစ်သင်ကြားပေးနေပါသည်

နည်းပညာဗီဇာ

အရည်အသွေးမြင့် ပညာရှင်အဆင့် လုပ်သားများကိုခန့်အပ်ခြင်းနှင့် ဗီဇာလျှောက်ထားခြင်းအတွက်လည်းဝန်ဆောင်မှုပေးပါသည်

ဂျပန်စာသင်တန်းကျောင်း

Toshin Japanese Language & Training Schoolတွင် ဂျပန်ဘာသာစကားနှင့်အလုပ်အကိုင်အတွက်သင်တန်းများကို လေ့ကျင့်သင်ကြားပေးနေပါသည်

ဘာကြောင့် JMTS ကိုရွေးသင့်သလဲ?

JMTS တွင် ကျွန်ုပ်တို့သည် မြန်မာနိုင်ငံရှိ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘာသာစကားပညာရေး၊ ဂျပန်တွင် အလုပ်အကိုင် ပံ့ပိုးမှု၊ နည်းပညာဆိုင်ရာ အလုပ်သင်သင်တန်းပြီးနောက် အသက်မွေးဝမ်းကျောင်း ပံ့ပိုးမှု၊ နှင့် ကုမ္ပဏီများ လက်ခံခြင်း၏ မတူကွဲပြားသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ပံ့ပိုးကူညီမှုများကဲ့သို့သော JMTS တွင် အလုပ်သမားများအတွက် တသမတ်တည်း ပညာရေးကို ပံ့ပိုးပေးပါသည်။

JMTS ရဲ့အားသာချက်

မြန်မာနှင့်ဂျပန်တွင် အဖွဲ့ဝင်ကုမ္ပဏီများရှိသည့်အတွက် အလုပ်လျှောက်သူအား ဂျပန်စကားအပါအဝင် လုပ်ငန်းအတွင်းလိုအပ်သည်များကို ကုမ္ပဏီတစ်ခုတည်းတွင် သင်ကြားပေးနိုင်ခြင်း

Toshin ကျောင်းရဲ့ဂျပန်စကားသင်ကြားရေး

「စိတ်၊ ပညာ၊ ခန္ဓာ 」ကို ဟန်ချက်ညီစေရန် ပြုစုပျိုးထောင်ပေးသော သင်ကြားပုံကိုအခြေခံပြီး ဂျပန်ရောက်ပြီးနောက်ပိုင်းလုပ်ငန်းခွင်အဆင်ပြေစေရေးနှင့် မိမိနိုင်ငံပြန်လာပြီးနောက်ပိုင်းတွင်လည်း လုပ်ငန်းတွင်းဦးဆောင်နိုင်သူဖြစ်စေရန်ရေးဆွဲထားပါသည်

လုပ်ငန်းခွင်မှ ထွက်ပြေးတိမ်းရှောင်ခြင်းနှင့်ပတ်သက်၍

လတ်တလောနိုင်ငံခြားသားများ ဂျပန်နိုင်ငံတွင် ထွက်ပြေးတိမ်းရှောင်ခြင်းများပြားလျှက်ရှိပါသည်
JMTS ကုမ္ပဏီမှ ကျောင်းသူ/သားများ၏ အိမ်သို့သွားရောက်တွေ့ဆုံခြင်းများ ပြုလုပ်ခြင်းဖြင့် ရင်းနှီးမှုရယူကာတားစီးနိုင်သလောက်တားစီးရန် ကြိုးပမ်းအားထုတ်လျှက်ရှိပါသည်။

Toshin Group ထဲမှာပဲရနိုင်တဲ့ဝန်ဆောင်မှုများ

မြန်မာနိုင်ငံတွင် လူသားအရင်းအမြစ်ပြုစုပျိုးထောင်ခြင်းမှစလို့ အလုပ်ခန့်အပ်တဲ့ကုမ္ပဏီမှာ အထောက်အပံ့ပေးခြင်းအပါအဝင် အဖွဲ့ဝင်ကုမ္ပဏီများအတွင်းမှာပဲ တစုတစည်းတည်းဝန်ဆောင်မှုရနိုင်ပါသည် 

အမြဲတမ်း အရည်အချင်းနဲ့ပြည့်ဝသော လူငယ်များကို မိတ်ဆက်ပေးနိုင်သောစနစ်ရှိခြင်း<ပဏာမအင်တာဗျူးရှိခြင်း>

JMTS Agency တွင် အလုပ်ခန့်အပ်မည့် ကုမ္ပဏီနှင့်အင်တာမဗျူးခင် ၂လခန့်ကြိုတင်၍
JMTS မှသတ်မှာထားသော အရည်အချင်းပြည့်ဝမှုရှိမရှိ ပဏာမအင်တာဗျူးလုပ်ပေးခြင်း

ဝန်ထမ်းများမိတ်ဆက်

ဂျပန်တွင်အလုပ်လုပ်မည့်လုပ်သားများကို ပြုစုပျိုးထောင်ပေးသောဝန်ထမ်းများနှင့်မိတ်ဆက်ပေးပါမည်။ မတူညီသော နယ်ပယ်ပေါင်းစုံတွင် အတွေ့အကြုံများစွာရှိထားသော ဝန်ထမ်းများကလုပ်သားပြုစုပျိုးထောင်ရေးနှင့် ဂျပန်လုပ်ငန်းခွင်တွင် အံဝင်ခွင်ကျဖြစ်စေရေးအတွက် အထောက်အပံ့ပေးနေပါသည်

လုပ်သားခန့်အပ်ခြင်းအဆင့်ဆင့်

လုပ်သားခန့်အပ်ခြင်းအဆင့်ဆင့်

နိုင်ငံခြားသားလုပ်သားခန့်အပ်ခြင်းအဆင့်ဆင့်ကို ရှင်းပြပါမည်

JMTS နှင့်ပတ်သက်၍ အောက်ပါနေရာများတွင်ကြည့်ရှုနိုင်ပါသည်

Toshin ဂျပန်စာကျောင်းမိတ်ဆက် ဗီဒီယို