JMTS Toshin Japanese Language & Training School

ဘာကြောင့်မြန်မာလူမျိုးတွေလဲ

၁။ ပညာရေးအခြေခံမြင့်မားမှုနှင့် ဂျပန်စာသင်ယူတတ်မြောက်နှုန်းမြန်ဆန်မှု

စာတတ်မြောက်မှု ရာခိုင်နှုန်း ၇၀%ထက်မကရှိပြီး အခြေခံ အရေးအဖတ် အတွက်အချက် တို့တွင် ပညာသင်ယူထားကြရာ အလွယ်တကူ သဘောပေါက်နားလည်နိုင်၍ ပြောဆိုဆက်ဆံရလွယ်ကူသည့် အလားအလာကောင်းများရှိသည်။

လစာနှုန်းထားများသည် အခြားနိုင်ငံများနှင့် နှိုင်းစာလျှင် လျော့နည်းနေခြင်း

ပြည်တွင်း၌လစာဝင်ငွေနည်းပါးသဖြင့် ထူးချွန်ထက်မြက်သည့်လူသားအရင်းအမြစ်များက ပြည်ပ၌သာ အလုပ်လုပ်ချင်ကြသည့်အတွက် အလုပ်ခန့်အပ်ရန် ပိုမိုလွယ်ကူတဲ့ အနေအထာသို့ရောက်ရှိနေပါသည်။

ဗုဒ္ဓဘာသာနှင့် လေးနက်တည်ကြည်မှုရှိသော အမျိုးသားစရိုက်လက္ခဏာ

လူဦးရေ၏ ၉၀% မှာ ဘာသာတရားကိုင်းရှိုင်းသော ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး မိဘများ၊ အကြီးအကဲများနှင့် သက်ကြီးရွယ်အိုများ၏ သွန်သင်ချက်များကို အလေးထားကြသည်။ ထို့အပြင် ဂျပန်လူမျိုးများကဲ့သို့ပင် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့်အတွက် အလားတူခံစားချက်များရှိကြသည်။ အလုပ်အကိုင်နှင့်ပတ်သက်၍လည်း အသေးစိတ်လုပ်ကိုင်တတ်ပြီး နူးညံ့သိမ်မွေ့သော လူမျိုးများဖြစ်ကြသောကြောင့် သူတို့၏စံနှုန်းများကို ဂျပန်နှင့် အလွယ်တကူ ကိုက်ညီပြီး ချောမွေ့စွာ ဆက်ဆံပြောဆိုလုပ်ကိုင်နိုင်ကြသည်။