JMTS Toshin Japanese Language & Training School

မန်နေးဂျင်းဒါရိုက်တာမှ နှုတ်ခွန်းဆက်လွှာ

Managing Director

TunTunOo

1991 ခုနှစ်မှစ၍ Kobe Sannomiya Japanese Language School တွင် ဂျပန်ဘာသာစကားကိုစတင်သင်ယူခဲ့ပြီး အိုဆာကာနှင့် တိုကျိုတို့တွင် အချိန်ပိုင်းအလုပ်များကို အတွေ့အကြုံရယူခဲ့ပြီး
၂၀၀၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လာပြီးနောက်  ဧည့်လမ်းညွှန်တစ်ဦးအနေဖြင့်အဖြစ် လုပ်ကိုင်ခဲ့ပြီး ဂျပန်လူမျိုးများကို ဧည့်လမ်းညွှန်ခြင်းများနှင့်  JICA နှင့် NHK ကဲ့သို့သော ဂျပန်အစိုးရနှင့် ကုမ္ပဏီများအတွက် စကားပြန်ဝန်ဆောင်မှုများကို လုပ်ကိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီတစ်ခု၏ ကိုယ်စားလှယ်တစ်ဦးအနေဖြင့် မြန်မာနိုင်ငံရှိ လူငယ်များအတွက် ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ဖို့အတွက် ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်မိတ်ဆက်ပေးခြင်းများကို ဆောင်ရွက်ပေးလျှက်ရှိနေပါတယ်။

2020 ခုနှစ်မှာကပ်ရောဂါ နှင့် နိုင်ငံရေး အပြောင်းအလဲများကြောင့်  မြန်မာနိုင်ငံတွင် ကောင်းမွန်သော လူ့စွမ်းအားအရင်းအမြစ် အလုပ်အကိုင်များ ဆုံးရှုံးလျှက်ရှိနေပါတယ်။
သို့သော်လည်း လူ့စွမ်းအားအရင်းအမြစ်ပညာရေးနှင့်  လူ့စွမ်းအားအရင်းအမြစ်မိတ်ဆက်ပေးခြင်း မှတစ်ဆင့် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်ရေး အခွင့်အရေးကို အသုံးချပြီး မြန်မာနိုင်ငံရှိ လူငယ်များကိုလည်း မျှော်လင့်ချက်များဖြင့် အသက်ရှင်ရပ်တည်စေလိုပါတယ်။

အခုကနေစတင်မည့်မြန်မာနိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို ဆန္ဒပြုရင်း  JMTS သည် မြန်မာနိုင်ငံရှိ လူငယ်များအတွက် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်သွားပါမယ်။

ဂျပန်ဘာသာအတွေ့အကြုံ 31 နှစ်
ဧည့်လမ်းညွှန်တစ်ဦးအနေဖြင့် အင်းဆက်ပိုးကောင်များစုဆောင်းခြင်းဆိုင်ရာ ကျွမ်းကျင်သူများနှင့်အတူ လိုက်ပါပို့ဆောင်ပေးခြင်းများနှင့်၊NHK ကဲ့သို့သော ဂျပန်ကုမ္ပဏီများအတွက် စကားပြန်အဖြစ် ၁၆ နှစ်ခန့် လုပ်ကိုင်ခဲ့။

အလုပ်အကိုင်အကျဉ်း

1988ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်တွင် ရူပဗေဒဘာသာရပ်ကို တက်ရောက်သင်ကြားခဲ့။
1991ခုနှစ်တွင် Kobe Sannomiya Japanese Language School တွင် ပညာသင်ကြားခဲ့။
1995ခုနှစ်တွင် အိုဆာကာနှင့် တိုကျိုတို့တွင် အလုပ်လုပ်ကိုင်ခဲ့။
2003ခုနှစ်တွင် UK Tech University Mechanical Engineering Diplomaကို တက်ရောက်ခဲ့။
2004ခုနှစ်တွင် Myanmar Himalaya Co., Ltd တွင် ဧည့်လမ်းညွှန်နှင့် ဘာသာပြန်အဖြစ် လုပ်ကိုင်ခဲ့။
2007JICA Data Survey and Support ဝန်ထမ်း
2012SunFar Co., Ltd ၏ River Cruise Ship တွင် Cruise Directorအဖြစ်တာဝန်ထမ်းဆောင်ခဲ့။
2019-လက်ရှိJMTS Corporation Co., Ltd. Myanmar Incorporation တွင် တာဝန်ထမ်းဆောင်လျှက်ရှိ။
2021-လက်ရှိGobit Co., Ltd. နိုင်ငံတကာဌာန မန်နေဂျာ
2022-လက်ရှိToshin Japanese Language & Training School ၏ ကျောင်းအုပ်။