JMTS Toshin Japanese Language & Training School

JMTS ရဲ့အားသာချက်

JMTS Agency သည် ဂျပန်နိုင်ငံတွင်အလုပ်လုပ်ကိုင်လိုသော မြန်မာလူမျိုးများနှင့် ဂျပန်ကုမ္ပဏီများကို ချိတ်ဆက်၍အလုပ်အကိုင်ရှာဖွေပေးသော အေးဂျင်စီဖြစ်ပါသည်

အဖွဲ့ဝင်ကုမ္ပဏီများဖြင့် ဘက်စုံအထောက်အပံ့ပေးခြင်း

JMTS အေဂျင်စီသည် ဂျပန်နိုင်ငံရှိ ဟိုကိုင်းဒိုးနှင့်တိုကျိုတွင် ရုံးချုပ်ဖွင့်လှစ်ထားသည့် အလုပ်အကိုင်ဝန်ဆောင်မှုကုမ္ပဏီများ၏ အဖွဲ့ဝင်ကုမ္ပဏီဖြစ်သည်
Toshin Group မှအဖွဲ့ဝင်ကုမ္ပဏီများဖြစ်သော Smile Seed Cooporative သည် TIT(Technical Intern Training) Visa ဖြင့်၊ GoBit Co.Ltd သည် Tokutei Ginou Visa ဖြင့် ဂျပန်နိုင်ငံတွင်ဝန်ဆောင်မှု ပေးနေပါသည်
တဖန် TIT Visa ဖြင့်ဂျပန်နိုင်ငံတွင် တာဝန်ပြီးဆုံးပါက Tokutei Ginou သို့ ပြောင်းလဲလုပ်ကိုင်နိုင်ရန်အတွက်လည်း အဖွဲ့ဝင်ကုမ္ပဏီများအတွင်း အထောက်အပံ့ပေးလျှက်ရှိပါသည်

လုပ်သားများအားစီစစ်လက်ခံခြင်း

JMTS အေဂျင်စီမှာလျှောက်ထားလိုသူများအတွက် အခြေခံလိုအပ်ချက်များကိုသတ်မှတ်ထားပါသည်။ အခြေခံပညာရေး၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ ကိုယ်ကျင့်တရားကောင်းမွန်မှု၊ စည်းကမ်းသေဝပ်မှုနှင့် စိတ်သဘောထားဖြောင့်မတ်မှုတို့ကို စစ်ဆေးရန် ဝင်ခွင့်စာမေးပွဲကိုတစ်ပတ်ကြာပြုလုပ်၍ စစ်ဆေးပါသည်။ ဝင်ခွင့်စာမေးပွဲအောင်မြင်သူများကိုသာ ကျောင်းတက်ခွင့်ပေးပြီး အလုပ်ချိတ်ဆက်ပေးခြင်းဖြစ်သည်။
ကျောင်းဝင်ခွင့်ရရှိပြီးနောက် အရင်ဆုံးဂျပန်စာကို ၁ ~ ၃ လခန့်လေ့လာပြီးပါက အင်တာဗျူးချိတ်ဆက်ပေးရန် ထပ်မံလူရွေးချယ်ခြင်းများကို ပြုလုပ်ပါသည်

ပထမတန်းစား ပညာရေးစနစ်

ဂျပန်စကားအပါအဝင် ဂျပန်နိုင်ငံတွင်အလုပ်လုပ်ဖို့လိုအပ်သည့်အသိပညာ နည်းပညာ အလေ့အထများကို ပါဝင်အောင်စီစဉ်ထားသည့် ပညာရေးစနစ်ဖြစ်ပါသည်
ဂျပန်နှင့်မြန်မာရဲ့အခြေခံပညာရေးမှာမတူညီတဲ့အချက်တွေရှိသည့်အတွက် ဂျပန်နိုင်ငံအခြေခံပညာရေးမှ ကောင်းမွန်တဲ့အချက်အလက်တွေကို ထုတ်နှုတ်ပြီးသီးခြားချိန်တွင် သင်ပေးခြင်းများဆောင်ရွက်ပေးနေပါသည်

  • ဂျပန်စကားပြောအရည်အချင်းတိုးတက်ရန်
  • စည်းကမ်းတကျ အဆောင်နေထိုင်မှုပုံစံ
  • ဂျပန်လူမျိုးဆရာများဖြင့် စကားပြောလေ့ကျင့်ခြင်း
  • ဂျပန်ယဉ်ကျေးမှုနှင့်အလေ့အထများသင်ကြားပေးခြင်း
  • လုပ်ငန်းခွင်နှင့်သက်ဆိုင်သောဗဟုသုတများသင်ကြားခြင်း

စသဖြင့် ဂျပန်နိုင်ငံလုပ်ငန်းခွင်တွင် အံဝင်ခွင်ကျဖြစ်စေရန်နှင့် လုပ်ငန်းခွင်မှအားထားရသော လူသားအရင်းမြစ်ဖြစ်စေရန် လေ့ကျင့်သင်ကြားပေးနေပါသည်