JMTS Toshin Japanese Language & Training School

ပဏာမအင်တာဗျူး

အရည်အချင်းနှင့်ပြည့်ဝသောလူသားအရင်းအမြစ်ရွေးချယ်ခြင်း

JMTS အေးဂျင်စီတွင် ဂျပန်ကုမ္ပဏီမှအင်တာဗျူးမခေါ်ခင် ၂လခန့်ကြိုတင်၍ လူရွေးချယ်ခြင်းကို ပြုလုပ်ပါသည်

လူရွေးချယ်ခြင်းမှာ အောင်မြင်သူများသာလျှင် အလုပ်ရှင်နှင့်အင်တာဗျူးနိုင်သောကြောင့် အလုပ်ခန့်အပ်သည့် ကုမ္ပဏီအနေဖြင့် လွယ်ကူစွာအရည်အချင်းပြည့်ဝသော လုပ်သားများကိုခန့်အပ်နိုင်မည် ဖြစ်ပါသည်


JMTS ၏ ပဏာမအင်တာဗျူးစံနှုန်း

1

JMTS စာရွက်စာတမ်းစိစစ်ခြင်း။

အခြေခံကျန်းမာရေးစစ်ဆေးမှု၊ ပညာရေးနောက်ခံ၊ အလုပ်မှတ်တမ်း၊ လိုချင်သောအလုပ်အမျိုးအစား စသည်တို့ကို စစ်ဆေးမည်ဖြစ်သည်။

2

JMTS မူလတန်းစစ်ဆေးမှု

စာရွက်စာတမ်းစိစစ်ခြင်းအောင်မြင်သူများထဲမှ JMTS စံနှုန်းများကိုအခြေခံ၍ တစ်ပတ်တာလုံးတွင် အခြေခံကိုယ်ကာယကြံ့ခိုင်မှု၊ ပညာရေးစွမ်းရည်နှင့် ကိုယ်ရည်ကိုယ်သွေးတို့ကို စစ်ဆေးရန်အတွက် စစ်ဆေးမှုအစည်းအဝေးကို ကျင်းပမည်ဖြစ်သည်။

3

Toshin ကျောင်းသွားပါ။

စစ်ဆေးမှုအောင်မြင်ပြီးပါက ကျောင်းဝင်ခွင့်ရရှိမည်ဖြစ်သည်။ ကျောင်းပြီးချိန် 6 လခန့်ကြာပြီးနောက်တွင် လုပ်ငန်းခွင်အတွက် သင့်လျော်သော လူ့စွမ်းအားအရင်းအမြစ်များကို သင်ကြားပေးပါမည်။

4

ကုမ္ပဏီအင်တာဗျူး

ပဏာမအင်တာဗျူးနှင့် ကျောင်းတက်ချိန်တလကြာကိုကြည့်ရှုပြီးမှ ထူးချွန်ကျောင်းသားကိုရွေးချယ်ပြီး အလုပ်ခန့်အပ်မည့်ကုမ္ပဏီသို့ အင်တာဗျူးချိတ်ဆက်ပေးသည်။

ကျောင်းတွင်ရှိစဉ်တစ်လကျော်ကြာပထမအကြိမ်စိစစ်ခြင်းနှင့်စစ်ဆေးခြင်းပြီးနောက်၊ JMTS နည်းပညာဆိုင်ရာအလုပ်သင်သင်တန်းသားကိုယ်စားလှယ်လောင်းများအတွက်လူသစ်စုဆောင်းခြင်းအင်တာဗျူးတစ်ခုလုပ်ပါမည်။

ပဏာမအင်တာဗျူးအကြောင်းအရာ

တစ်ပတ်ခန့် အဆောင်တွင်နေစေပြီး အောက်ပါအကြောင်းအရာများကို စစ်ဆေးကြည့်ရှုပါသည်

ပဏာမအင်တာဗျူးနောက်ဆုံးရက်တွင် JMTS တာဝန်ခံများက အင်တာဗျူးပြုလုပ်ပြီး လျှောက်ထားသူ၏လုပ်ကိုင်လိုသောအလုပ်၊ ရည်မှန်းချက်စသည်များကို မေးမြန်းဆွေးနွေးထားပြီးဖြစ်လို့ ၎င်းအရည်အချင်းနှင့်ပြည့်ဝသူများကိုသာ Toshin Japanese Language & Training School တွင် ကျောင်းတက်ခွင့်ပြုထားပါသည်

1.အခြေခံဗဟုသုတနှင့်ကျွမ်းကျင်မှု

ဉာဏ်စွမ်း

သင်္ချာ၊ IQ၊ နားလည်နိုင်စွမ်းစာမေးပွဲများဖြင့် အခြေခံပညာလယ်ဘယ်ကို စစ်ဆေးပါသည်

ကိုယ်ခန္တာကြံ့ခိုင်မှု

ဒိုက်ထိုးခြင်း အိပ်ထမတင်လုပ်ခြင်း ထိုင်ထလုပ်ခိုင်းခြင်း ရေဗူးသယ်ခိုင်းခြင်းများပြုလုပ်ပြီး ခန္တာကိုယ်ကြံ့ခိုင်မှုကို တိုင်းတာပါသည်

စိတ်ရှည်မှု

မူလီလှည့်ခိုင်းခြင်း စာအရေးအသားလက်ရေးများစစ်ဆေးခြင်း စသည့်အချက်များကို အခြေခံ၍ စစ်ဆေးပါသည်

ဂျပန်စာစစ်ဆေးခြင်း

ပဏာမအင်တာဗျူးကာလတွင် ဂျပန်စာသင်ကြားခြင်းပါထည့်သွင်းထားပြီး မိမိကိုယ်ကိုမိတ်ဆက်ခြင်းကို ဂျပန်ဘာသာဖြင့်ပြုလုပ်နိုင်ရန် သင်ကြားပေးပါသည်

2. စဉ်းစားတွေးခေါ်မှုနှင့်ဖြတ်ထိုးဉာဏ်

သင်ကိုယ်တိုင် စဉ်းစားတွေးခေါ်နိုင်မှုနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းရှိဖို့ လိုအပ်ပါတယ်။
အခြေခံနားလည်မှုနှင့် တွေးခေါ်မှုစွမ်းရည်တို့ကို အကဲဖြတ်မည်ဖြစ်သည်။

ပေါင်းသင်ဆက်ဆံရေး

ပဏာမအင်တာဗျူးကာလတွင် အဆောင်နေထိုင်မှုနှင့်နေ့စဉ်ဆောင်ရွက်မှုများတွင် team workဖြင့်လုပ်ဆောင်နိုင်ခြင်း အချင်းချင်းညီညွတ်စွာပေါင်းသင်ဆက်ဆံတတ်ခြင်း ရှိမရှိကိုကြည့်ရှုစစ်ဆေးပါသည်
အထူးသဖြင့် နေ့လည်စာစားချိန်နှင့် အားလပ်ချိန်များတွင် အချင်းချင်း ခင်မင်ရင်းနှီးစွာဆက်ဆံတတ်သူက ဂျပန်တွင်အလုပ်လုပ်ရန်သင့်တော်သည့်ဟု ယူဆလေ့ရှိသည်

နားလည်နိုင်စွမ်းအား

သင်္ချာစာမေးပွဲနှင့် ဂျပန်စာသင်ခန်းစာ၏အမှတ်များကိုကြည့်ခြင်းဖြင့် နားလည်သဘောပေါက်မှုကို လေ့လာနိုင်ပြီး သင်တန်းအချိန်တွင် သေချာစွာလိုက်နာသင်ယူမှုရှိမရှိများကိုလည်း အမှတ်ပေးစည်းမျဉ်းတွင်ထည့်သွင်းထားပါသည် ၎င်းအမှတ်များကိုစစ်ဆေးပြီး ကုမ္ပဏီမှညွှန်ကြားသည့်အတိုင်းလိုက်နာဆောင်ရွက်တတ်သူကိုသာ ကျောင်းဝင်ခွင့်ပြုထားပါသည်

3. အမူအကျင့်

ပဏာမအင်တာဗျူးတွင်စစ်ဆေးသောအမူအကျင့်

အင်တာဗျူးကာလတွင် အဆောင်နှင့်ကျောင်းတွင် team workနှင့်ဆက်ဆံရေးကောင်းမွန်မှုကို စစ်ဆေးပါသည်။ အင်တာဗျူးကာလ တစ်ပတ်တာလုံးစစ်ဆေးခြင်းဖြစ်သည့်အတွက် ပင်ကိုယ်စိတ်ထားကိုသိမြင်လွယ်ပါသည်

နောက်ဆုံးအင်တာဗျူးနှင့် ကိုယ်တိုင်ကြိုးစားမှု

အင်တာဗျူးကာလ ဘာသာရပ်အသီးသီးတွင်ပါဝင်ကြိုးပမ်းမှုနှင့် နောက်ဆုံးအင်တာဗျူးအတွက်ပြင်ဆင်ထားရှိမှုများအပေါ်အမှတ်ပေးပါသည်။ လုပ်ငန်းခွင်ဝင်ပြီးနောက်ပိုင်းတွင် လုပ်ငန်းခွင်မှာစည်းမျဉ်းစည်းကမ်းများကိုလိုက်နာနိုင်မည့်သူမျိုးကိုသာ စီစစ်ရွေးချယ်ပါသည်။
JMTS မှ ဂျပန်နိုင်ငံအလုပ်အကိုင်နှင့် မိတ်ဆက်ပေးရန်သင့်တော်သည်ဟု ယူဆသူကိုသာ ရွေးချယ်ပြီးကျောင်းတက်စေပါသည်

Toshin Japanese Language & Training Schoolရဲ့ စံနှုန်းထက်သာလွန်သူများသာ ကျောင်းဝင်ခွင့်ရရှိကြပါသည်

Toshin၏ကျောင်းဝင်ခွင့်ရသွားပြီးနောက်

Toshin Japanese Language & Training School တွင် ၃လတာ ဂျပန်စာသင်ယူပြီးပါက အလုပ်ခန့်အပ်မည့် ကုမ္ပဏီဖြင့်အင်တာဗျူးရန်စီစဉ်ပေးပါသည်

ကျောင်းတက်နေစဉ် တလတချိန်စာမေးပွဲစစ်ဆေးခြင်း နေ့စဉ်ဆောင်ရွက်မှုများတွင်ပါဝင်လှုပ်ရှားမှုအခြေအနေကိုစမ်းစစ်ခြင်းစသဖြင့် ပဏာမအင်တာဗျူးကာလကဲ့သို့ အမှတ်ပေးစဉ်းမျဉ်းများဆက်လက်ထားရှိပါသည်

ဘာသာစကား

လစဉ်ဂျပန်စာစာမေးပွဲစစ်ဆေးပြီး စံနှုန်းပြည့်မီရန်ခဲယဉ်းသော ကျောင်းသားများအတွက် အချိန်ပိုသင်ခန်းစာများလေ့ကျင့်ပေးခြင်းများပြုလုပ်ပါသည်။ ကုမ္ပဏီအင်တာဗျူးတွင် မိမိကိုယ်ကိုဂျပန်လိုမိတ်ဆက်တတ်သည်အထိ သင်ကြားပေးထားသောကြောင့် အင်တာဗျူးစဉ် ဂျပန်စာလယ်ဘယ်နှင့်နားလည်သဘောပေါက်နိုင်စွမ်းကိုလေ့လာနိုင်ပါသည်။

ပေါင်းသင်းဆက်ဆံရေးနှင့် နေ့စဉ်ဆောင်ရွက်မှုများ

ကျောင်းစာသင်ချိန်နှင့် အဆောင်နေထိုင်မှုများမှတဆင့် ဂျပန်နိုင်ငံ၏လူနေမှုပုံစံကို သင်ကြားပေးပါသည်။ စည်းကမ်းလိုက်နာမှုမရှိခြင်း၊ ကျောင်းပျက်ခြင်း၊ ကျောင်းနောက်ကျခြင်း စသည်များသည် ဂျပန်နိုင်ငံ၏လုပ်ငန်းခွင်နှင့်မကိုက်ညီသောကြောင့် အင်တာဗျူးချိတ်ဆက်ပေးခြင်းမပြုပါ

ခန္တာကိုယ်ကြံ့ခိုင်မှု ကျန်းမာရေး

နေ့စဉ်ကျန်းမာရေးလိုက်စားခြင်းနှင့် အခြေခံကိုယ်ကာယ လေ့ကျင့်ခန်းများကို ကျောင်းသားများကိုယ်တိုင်ဆောင်ရွက်ရပါသည်။ လုပ်ငန်းခွင်ဝင်ပြီးနောက်မှာ ကျန်းမာရေးချို့ယွင်းမှုများမရှိစေရန် ခန္တာကိုယ်ကြံ့ခိုင်မှုကိုအလေးပေး၍ ဆောင်ရွက်ခိုင်းပါသည်။
အကယ်၍ ကျန်းမာရေးကြောင့် ကျောင်းပျက်ရက်များခြင်း စသည်များရှိခဲ့သော် အင်တာဗျူးချိန်တွင် လုပ်ငန်းရှင်အား ကြိုတင်၍အသိပေးပါမည်

ပဏာမအင်တာဗျူးနှင့် ကျောင်းတက်ချိန်တလကြာကိုကြည့်ရှုပြီးမှ ထူးချွန်ကျောင်းသားကိုရွေးချယ်ပြီး အလုပ်ခန့်အပ်မည့်ကုမ္ပဏီသို့ အင်တာဗျူးချိတ်ဆက်ပေးသည်။

ပဏာမအင်တာဗျူးနှင့် ကျောင်းတက်ချိန်တွေကနေ စီစစ်ရွေးချယ်ထားသောကျောင်းသားများဖြစ်လို့ အချိန်တိုတိုအတွင်းမှာ မိမိကုမ္ပဏီနှင့်ကိုက်ညီမည့်သူကို လွယ်ကူစွာရွေးချယ်ခန့်အပ်နိုင်မည်