JMTS Toshin Japanese Language & Training School

လုပ်ငန်းတွင်းအလုပ်တာ၀န်ရွှေ့ပြောင်းခြင်း

လုပ်ငန်းတွင်းအလုပ်တာ၀န်ရွှေ့ပြောင်းခြင်းဆိုသည်မှာ ဂျပန်နိုင်ငံရှိ ရုံးချုပ် ရုံးခွဲများနှင့် ၎င်းတို့၏ အလုပ်ဌာနများရှိရာ အများပြည်သူနှင့်ပုဂ္ဂလိကရုံးအဖွဲ့အစည်းများ၏ ပြည်ပရှိရုံးဝန်ထမ်းများက ဂျပန်ရှိရုံးဌာနတွင် ကာလတစ်ခုသတ်မှတ်ပြီး အလုပ်တာ၀န်‌ရွှေ့ပြောင်း၍ သက်ဆိုင်ရာရုံးဌာနတွင် လုပ်ဆောင်ရသည့် လူဝင်မှုကြီးကြပ်ရေးထိန်းချုပ်ရေးအက်ဥပဒေ၏ အပိုင်း ၁-၂ ၏ နည်းပညာ၊ လူ့ယဉ်ကျေးမှုဆိုင်ရာအသိပညာ၊ အပြည်ပြည်ဆိုင်ရာလုပ်ငန်းများ၏ အပိုင်းကဏ္ဍတွင် ဖော်ပြထားသည့် လှုပ်ရှားဆောင်ရွက်မှုများ။

(တရားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှ)

ကျွန်တော်တို့ JMTSရဲ့  လုပ်ငန်းတွင်းအလုပ်တာ၀န်ရွှေ့ပြောင်းခြင်းတွင် မြန်မာပြည်တွင်း၌ ရုံးခွဲများထားရှိသည့် လူကြီးမင်းတို့၏လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်နေကြသော ၀န်ထမ်းများ၏ ကုမ္ပဏီတွင်းအလုပ်တာ၀န်ရွှေ့ပြောင်းခြင်းကို ထောက်ပံ့လုပ်ကိုင်ဆောင်ရွက်ပေးပါသည်။  ကုမ္ပဏီတွင်းအလုပ်တာ၀န်ရွှေ့ပြောင်းခြင်းနှင့်ဆိုင်သည့် စာရွက်စာတမ်းများပြုလုပ်ပြင်ဆင်ပေးခြင်းနှင့် ဘာသာစကားလေ့လာသင်ယူမှုများကို သတ်သတ်မှတ်မှတ် တာ၀န်ယူဆောင်ရွက်ပေးပါသည်။

ကုမ္ပဏီတွင်းအလုပ်တာ၀န်ရွှေ့ပြောင်းခြင်းဆိုင်ရာ ဖွဲ့စည်းမှု

မြန်မာပြည်တွင်း၌လုပ်ကိုင်နေကြသော မြန်မာလူမျိုးအလုပ်သမား၀န်ထမ်းများက ဂျပန်ရုံးချုပ်သို့မဟုတ်ဂျပန်ရုံးခွဲများသို့ လွှဲပြောင်းပေးရန်အတွက် လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်ပေးပါသည်။
ဂျပန်နိုင်ငံသို့လွှဲပြောင်းပေးရမယ့်ဌာန၏ ရုံးတွင်းဆိုင်ရာအလုပ်ခန့်အပ်ခြင်း သဘောတူစာချုပ်နှင့် ထောက်ခံစာ၊ ဂျပန်၌နေထိုင်ခွင့် (COE) နှင့်အတူ မြန်မာပြည်ရုံးခွဲမှ ဂျပန်သို့စေလွှတ်မည့်ကာယကံရှင်အတွက် ထောက်ခံစာစသည်တို့ကို ထုတ်ပေးပါမည်။
ထို့နောက် မြန်မာပြည်မှ အလုပ်၀င်ရန်အတွက်လိုအပ်သောစမတ်ကတ် (OWICမှထုတ်ပေးခြင်း)နှင့် ဂျပန်သံရုံးမှ ထုတ်ပေးသည့်ဗီဇာတို့ကိုရရှိပြီးနောက် ဂျပန်နိုင်ငံ၌ အလုပ်လုပ်ကိုင်ရမှာဖြစ်ပါသည်။

ပြည်၀င်ခွင့်လက်ခံသည်အထိ လုပ်ဆောင်မှုအဆင့်ဆင့်

လျှောက်လွှာတင်ပြီးချိန်မှ ၅လခန့်အတွင်း ဂျပန်ပြည်တွင်းနေထိုင်ခွင့် (COE) နှင့် ပြည်၀င်ခွင့်ဗီဇာကို ရရှိနိုင်မှာဖြစ်ပါတယ်။

ဂျပန်ရှိ လုပ်ထုံးလုပ်နည်းစာရွက်စာတမ်းများနှင့် ကုမ္ပဏီအမျိုးအစားများကို လူဝင်မှုကြီးကြပ်ရေးတာ၀န်ခံဌာန မှတဆင့် ကျေးဇူးပြု၍ စစ်ဆေးပါ။
https://www.moj.go.jp/isa/applications/status/

လူတွေ့စစ်ဆေးခြင်း ၁။ အိမ်ရှင်ကုမ္ပဏီ (ဂျပန်ဌာနခွဲ)၏ အလုပ်ခန့်အပ်ခြင်းဆိုင်ရာ အခြေအနေများ ဖွဲ့စည်းပြဌာန်းခြင်း။
၂။ လူတွေ့စစ်ဆေးခြင်း (အင်တာဗျူး)နှင့် မျက်နှာချင်းဆိုင်‌‌ အစည်းအဝေးများ
၃။ အလုပ်ရှင်နှင့် လျှောက်ထားသူကာယကံရှင်တို့၏ ရုံးတွင်းအလုပ်ခန့်အပ်ခြင်း သဘောတူစာချုပ်အား နှစ်ဦးနှစ်ဖက်သဘောတူညီခြင်း
စာရွက်စာတမ်းများ လျှောက်ထားခြင်း ၁။ ဂျပန်ရှိ ‌‌ဒေသဆိုင်ရာ လူ၀င်မှုကြီးကြပ်ရေးဌာနသို့ နေထိုင်ခွင့် COE လျှောက်ထားခြင်း
・COE လျှောက်ထားခြင်းအတွက် လုပ်ထုံးလုပ်နည်းများ
・အလုပ်ခန့်အပ်ရန်အတွက် ရုံးတွင်းအလုပ်ခန့်အပ်ခြင်း သဘောတူစာချုပ်
・အလုပ်ခန့်အပ်ရန်အတွက် ထောက်ခံစာများ စသည်တို့ လိုအပ်ပါသည်။
အသေးစိတ်အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးတာ၀န်ခံဌာနမှတဆင့် စစ်ဆေးပါ။
https://www.moj.go.jp/isa/applications/status/
၂။ မြန်မာပြည်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ ပြည်ပအလုပ်အကိုင်သက်သေခံကဒ် (စမတ်ကဒ်) လျှေက်ထားခြင်း
・ခန့်အပ်ထားသည့်၀န်ထမ်းများကို လွှဲပြောင်းပေးရန်အတွက် ထောက်ခံစာများ
・မြန်မာပြည်ရုံးခွဲ၏ ကုမ္ပဏီမှတ်ပုံတင်အချက်အလက်များ စသည်တို့ လိုအပ်ပါသည်။
၃။ COE ရရှိပြီးနောက် မြန်မာနိုင်ငံရှိဂျပန်သံရုံး၌ ပြည်ဝင်ခွင့်ဗီဇာအတွက် လျှောက်ထားခြင်း
・OWICမှ ထုတ်ပေးသော စမတ်ကဒ်နှင့်ဗီဇာများသည် လျှောက်ထားသူကာယကံရှင်ကိုယ်တိုင်မှ တိုက်ရိုက်လျှောက်ထားရမည်ဖြစ်သည်။
ဂျပန်မသွားခင်အထိလေ့ကျင့်သင်ကြား‌ရေး ၁။ လျှောက်ထားခြင်းအဆင့်များလုပ်ဆောင်နေစဉ်အတွင်း ဂျပန်နိုင်ငံသို့ မထွက်ခွာမီ သင်ကြားလေ့ကျင့်ခြင်းများ
Toshin ဂျပန်ဘာသာစကားနှင့် လေ့ကျင့်ရေးကျောင်းတွင် ဂျပန်စာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ၊ လုပ်ငန်းပိုင်းဆိုင်ရာသင်ကြားခြင်းများကို တက်ရောက်ရမည်ဖြစ်သည်။
ဂျပန်သို့အလုပ်တာ၀န်ဖြင့် စတင်ထွက်ခွာခြင်း