JMTS Toshin Japanese Language & Training School

TIT System -Training Visa

JMTS ရဲ့ Training ကျောင်းသားများသည် Toshin Japanese Language & Training School မှ ပဏာမအင်တာဗျူးကိုအောင်မြင်ထားသူများကိုသာ မိတ်ဆက်ပေးပါသည်။ ကျောင်းဝင်ခွင့်ရရှိပြီးနောက်ပိုင်းမှာ အဆောင်စနစ်နှင့်အတန်းစနစ်ကိုကျင့်သုံးသောကြောင့် ကျောင်းသားတစ်ယောက်ချင်း၏စိတ်နေစိတ်ထားကိုသိနိုင်သလို ထူးခြားချက်များကိုလည်းသိရှိနိုင်သောကြောင့် ယုံကြည်မှုတည်ဆောက်ခြင်းကို ဦးစားပေးသောပညာရေးစနစ်ကို ကျင့်သုံးထားပါသည်။

TIT System ၏ရည်ရွယ်ချက်

နိုင်ငံခြားသားသင်တန်းသားစနစ်တွင် ဂျပန်နိုင်ငံက ဖွံဖြိုးဆဲနိုင်ငံများသို့  မိမိ၏နည်းပညာများကို မျှဝေခြင်းဖြင့် ဖွံဖြိုးဆဲနိုင်ငံများ၏စီးပွားရေးတိုးတက်မှုကို အထောက်အကူပေးခြင်း လူ့စွမ်းအားရင်းမြစ်များကိုပြုစုပျိုးထောင်ခြင်းများအတွက်ကူညီခြင်း စသည့်ရည်ရွယ်ချက်များပါဝင်ပါသည်(ဂျပန်နိုင်ငံအလုပ်သမားဝန်ကြီးဌာန)။

ဂျပန်နိုင်ငံမှ ဖွံဖြိုးဆဲနိုင်ငံများသို့ နည်းပညာလွှဲပြောင်းပေးအပ်ခြင်း(သင်ကြားပေးခြင်း)ကို အဓိကထားသည့်စနစ်ဖြစ်ပြီး ဂျပန်နိုင်ငံတွင် ၃နှစ် သို့မဟုတ် ၅နှစ်ပညာသင်ယူပြီးပါက မိခင်နိုင်ငံသို့ပြန်လာပြီး သင်ယူလာသောပညာဖြင့် မိခင်နိုင်ငံတိုးတက်ရေးအတွက် အကျိုးပြုနိုင်စေရန် ရည်ရွယ်ထားသောစနစ်ဖြစ်သည်

ဂျပန်နိုင်ငံမှ သင်တန်းသားလုပ်သားများကိုလက်ခံပေးခြင်းဖြင့် ဖွံဖြိုးဆဲနိုင်ငံများတိုးတက်ဖွံဖြိုးရေးကို အထောက်အကူဖြစ်စေခြင်းကို ဤစနစ်တွင်ထည့်သွင်းထားသည်။

TIT system ဖြင့်လုပ်ကိုင်ခွင့်ရှိသည့်အလုပ်အမျိုးအစားများ


လက်ရှိ ၈၅ မျိုး လုပ်ငန်းပေါင်း ၁၅၅မျိုးရှိပါသည်

Agriculture
2 category 6 work

Fishery
​​2 category 10 work

Construction
22 category 33 work

Food Manufacturing
11 category 18 work

Textile/Clothing
13 category 22 work

Mechanical/metal related
15 category 29 work

In addition, furniture, plastic molding, painting, welding, building cleaning, nursing care, hotel, rubber product manufacturing, airport ground handling, etc.

Currently , there are a total of 85 job types
and 155 work types

参考:https://www.jitco.or.jp/ja/regulation/occupation.html

TIT Visa

(ကုမ္ပဏီတိုက်ရိုက်ခန့်အပ်ခြင်း)

နိုင်ငံခြားတွင် ကုမ္ပဏီခွဲနှင့်စက်ရုံအလုပ်ရုံခွဲများရှိသည့်ကုမ္ပဏီများမှာခန့်အပ်သည့် ပုံစံဖြစ်သည်

ဂျပန်နိုင်ငံ မြန်မာနိုင်ငံရှိ အေဂျင်စီများ ပါဝင်လုပ်ဆောင်ခွင့်မရှိပါ

(Kumiai မှတဆင့် ခန့်အပ်ခြင်းပုံစံ)

Kumiai ဆိုသည်မှာ အကျိုးအမြတ်ကိုဦးတည်ခြင်းမဟုတ်သောအဖွဲ့အစည်းဖြစ်ပြီး ၎င်းအဖွဲ့အစည်းမှ တဆင့်ခေါ်ယူရသည့်ပုံစံဖြစ်သည်

Kumiai သည် Training visa နည်းစနစ်အတိုင်း Training လုပ်သားများကိုကြီးကြပ်ခြင်း စောင့်ရှောက်ကြည့်ရှုခြင်း စာရွက်စာတန်းများစုစည်းပြီး လျှောက်ထားပေးရခြင်း စသည့်လုပ်ငန်းဆောင်တာများကို ဂျပန်နိုင်ငံမှ လုပ်သားခေါ်ယူသော ကုမ္ပဏီကိုယ်စားလုပ်ဆောင်ပေးရပါသည်

လုပ်သားလက်ခံပုံအဆင့်ဆင့်

1

လိုအပ်ချက်များမေးမြန်းခြင်း
  1. Training / Tokutei Ginou အလုပ်အကိုင်များအတွက် အချက်အလက်များစစ်ဆေးခြင်း
  2. ဂျပန်ကုမ္ပဏီဘက်မှ လုပ်သားလက်ခံရန် အစီအစဉ်ဆွဲခြင်း၊ အလုပ်ခေါ်စာပြုစုခြင်း
  3. Kumiai / Shienkikan နှင့် မြန်မာနိုင်ငံမှ အေဂျင်စီတို့ စာချုပ်ချုပ်ဆိုခြင်း

2

လုပ်သားများခေါ်ယူခြင်းနှင့် အင်တာဗျူးခြင်း
  1. မြန်မာနိုင်ငံအေးဂျင့်တွင် အလုပ်ခေါ်စာအတိုင်း Toshin Japanese Language & Training School တွင် လုပ်သားများစုဆောင်းခြင်း
  2. အင်တာဗျူးခြင်း (အွန်လိုင်း / ကျောင်းတွင်)
  3. အလုပ်ခန့်အပ်ခြင်း / လုပ်သားစာချုပ်ချုပ်ဆိုခြင်း

3

ဂျပန်ပြည်ဝင်ခွင့်အတွက်လျှောက်လွှာတင်ခြင်း
  1. နိုင်ငံခြားသားလုပ်သားများကိုကြီးကြပ်သည့်အဖွဲ့အစည်း(OTIT)သို့ လျှောက်လွှာတင်ခြင်း(ဂျပန်)
  2. လဝက သို့ ပြည်ဝင်ခွင့်လျှောက်လွှာတင်ခြင်း(COE)(ဂျပန်)
  3. အလုပ်သမားဝန်ကြီးဌာနသို့ လျှောက်လွှာတင်ခြင်း (မြန်မာ)
  4. ဂျပန်သံရုံးတွင် ဗီဇာလျှောက်ခြင်း (မြန်မာ)

4

ဂျပန်မရောက်မီ သင်ကြားရေး
  1. လျှောက်လွှာတင်ခြင်းအဆင့်ဆင့်လုပ်ဆောင်နေစဉ် မြန်မာနိုင်ငံတွင် ဂျပန်စာဆက်လက်သင်ကြားခြင်း
    Toshin Japanese Language & Training School တွင် ဂျပန်ဘာသာစကား၊ ယဉ်ကျေးမှု၊ အလေ့အထများ၊ လုပ်ငန်းခွင်သိသင့်သည်များကို သင်ယူရပါမည်

5

ဂျပန်ရောက်လျှင်
  1. ဂျပန်သံရုံးမှ ဗီဇာရရှိပါက လေယာဉ်လက်မှတ်ဝယ်ယူခြင်း
  2. ဂျပန်ရောက်ပါက လေဆိပ်တွင်လာရောက်ကြိုပေးပါသည် (Kumiai)
  3. ဂျပန်ရောက်ရှိပြီးနောက် သတ်မှတ်ထားသော လေ့ကျင့်ရေးကျောင်းတွင် ၁လ လေ့ကျင့်သင်ကြားရသည်
  4. သက်ဆိုင်ရာလုပ်ငန်းခွင်သို့ (ဂျပန်ရောက်ပြီး ၂လမြောက်တွင် သက်ဆိုင်ရာကုမ္ပဏီတွင် အလုပ်စဝင်ရပါမည်

6

သက်ဆိုင်ရာလုပ်ငန်းခွင်ရောက်ပြီးနောက်
  1. Kumiai မှ သတ်မှတ်ထားသည့်အတိုင်း လာရောက်တွေ့ဆုံပါမည်
  2. ရပ်ကွက်ရုံးတွင်လိပ်စာပြောင်းခြင်းနှင့် ဘဏ်အကောင့်ဖွင့်ခြင်းများကို လုပ်ဆောင်ပေးပါမည် (Kumiai)
  3. Training No.2 အတွက်စာမေးပွဲဖြေခြင်း
    (ဂျပန်ရောက်ပြီး ၉လအကြာ)
  4. စာမေးပွဲမအောင်ခဲ့ရင် Training အဆင့် ၂ (ဒုတိယနှစ်)သို့ သက်တမ်းတိုးလို့မရပါ
    (Tokutei Ginou မှာတော့ စာမေးပွဲမရှိပါ)
  5. Training အဆင့်၂ ၊ အဆင့် ၃ သို့သက်တမ်းတိုးခြင်းများကို ဆောင်ရွက်ပေးခြင်း (ဒုတိယနှစ်နှင့် တတိယနှစ်ပြီးနောက်ပိုင်း)

နိုင်ငံခြားသားလုပ်သားများ လက်ခံခြင်းကို JMTS ၏ Kumiai တွင်လည်း ဆောင်ရွက်နိုင်သည်

လုပ်ငန်းဆောင်ရွက်ရန်အသေးစိတ်နှင့် ကုန်ကျစရိတ်ကို သီးခြားဆက်သွယ်ပါ