လတ်တလောနိုင်ငံခြားသားများ ဂျပန်နိုင်ငံတွင် ထွက်ပြေးတိမ်းရှောင်ခြင်းများပြားလျှက်ရှိပါသည်။
JMTS ကုမ္ပဏီမှ ကျောင်းသူ/သားများ၏အိမ်သို့သွားရောက်တွေ့ဆုံခြင်းများပြုလုပ်ခြင်းဖြင့် ရင်းနှီးမှုရယူကာ တားစီးနိုင်သလောက်တားစီးရန် ကြိုးပမ်းအားထုတ်လျှက်ရှိပါသည်
ကာကွယ်ထားရှိပုံ
ကျောင်းသား မိဘ အေဂျင်စီ ၃ဦး၃ဖလှယ် တွေ့ဆုံစကားပြောခြင်းနှင့် အိမ်တိုင်ရာရောက် တွေ့ဆုံခြင်း
ဂျပန်နိုင်ငံသို့မထွက်ခွာမီ ကျောင်းသားများ၏အိမ်တွင်မိဘတွေ့ဆုံပွဲကိုပြုလုပ်ပါသည်။ မိဘများနှင့်ယုံကြည်မှုတည်ဆောက်ခြင်းဖြင့် ဂျပန်နိုင်ငံတွင်ပြဿနာတစ်စုံတစ်ခုဖြစ်ခဲ့လျှင်သော်လည်းကောင်း ကျောင်းသားကတိုင်ပင်ဆွေးနွေးရန်လိုအပ်သည့်အခါသော်လည်းကောင်း အေဂျင်စီမှာကြားခံဝင်ရောက်ဖြေရှင်းပေးနိုင်အောင်ဖြစ်ပါသည်


အဆောင်အတူနေထိုင်ခြင်းဖြင့် ပိုမိုစည်းလုံးမှုရရှိစေရန်
သင်တန်းသားလုပ်သားများ ထွက်ပြေးတိမ်းရှောင်ခြင်းအဓိကအကြောင်းရင်းတစ်ခုမှာ အနီးပတ်ဝန်းကျင်တွင်တိုင်ပင်ဆွေးနွေးနိုင်တဲ့မိတ်ဆွေမရှိခြင်း ဖြစ်သည်။ JMTS တွင် ကုမ္ပဏီမှအလုပ်ခန့်အပ်ပြီးချိန်မှစ၍ ဂျပန်မသွားခင်အထိ အဆောင်မှာနေစေပြီး သူငယ်ချင်းအချင်းချင်းနှင့် ဆရာဆရာမများနှင့် ရင်းနှီးယုံကြည်မှုရစေပြီး ဂျပန်ရောက်ပြီးနောက် ပြဿနာပေါ်ပေါက်ခဲ့ပါက အားလုံးဝိုင်းဝန်းပြီးဖြေရှင်းပေးနိုင်ရန်ဆောင်ရွက်ထားရှိပါသည်။

Case Study ပုံစံဖြင့်သင်ကြားခြင်း
ဂျပန်နိုင်ငံရောက်ပြီး လုပ်ငန်းခွင်တွင်ပြဿနာပေါ်ပေါက်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းနှင့် လူလိမ်ပွဲစားများနှင့်တွေ့ကြုံခဲ့သော် မည်သို့ကိုင်တွယ်ဖြေရှင်းသင့်သည်များကို case study များဖြင့်သင်ကြားပေးသည်။ ဂျပန်နှင့်မြန်မာ ဉပဒေအကြောင်းအရာများမတူညီခြင်း ယဉ်ကျေးမှုမတူညီခြင်းကြောင့် ပြဿနာဖြေရှင်းပုံလည်း မတူညီသည့်အတွက် ဂျပန်နိုင်ငံတွင်ပြဿနာဖြေရှင်းပုံကို ကျောင်းသားအချင်းချင်း ဆွေးနွေးစေပြီးလေ့လာသင်ယူနိုင်အောင်စီစဉ်ထားပါသည်

ကျောင်းတွင်းပျော်ပွဲရွှင်ပွဲများပြုလုပ်ခြင်း
ကျောင်းတွင်းပျော်ပွဲရွှင်ပွဲများကို ပုံမှန်ပြုလုပ်ပေးပါသည်။ ပျော်ပွဲရွှင်ပွဲများမှတဆင့် ကျောင်းသားနှင့်ဆရာ ကျောင်းသားနှင့်အေဂျင်စီများ ယုံကြည်မှုရင်းနှီးမှုရရှိစေပြီး ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်ခဲ့သော် လျှင်မြန်စွာဖြေရှင်းနိုင်ရန် ဆောင်ရွက်ထားပါသည်


လုပ်ငန်းခွင်ယဉ်ကျေးမှုနှင့် အလုပ်အကြောင်းအရာများသင်ကြားပေးခြင်း
ဂျပန်နှင့်မြန်မာ လုပ်ငန်းခွင်ယဉ်ကျေးမှုမတူညီပါ။ မြန်မာနိုင်ငံတွင်အရေးတယူမလုပ်သည့်အကြောင်းအရာက ဂျပန်တွင်လုပ်ငန်းခွင်ပြဿနာတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ အင်တာဗျူးဖြေစဉ်တွင် ကြားသိထားသည့် လုပ်ငန်းအကြောင်းအရာနှင့် တကယ်လုပ်ငန်းခွင်ဝင်သည့်အခါ လုပ်ရသည့်အကြောင်းအရာကကွဲပြားနေသည့်ကိစ္စမျိုးကို သင်တန်းသားကျောင်းသားများထံမှ မကြာခဏကြားရလေ့ရှိသည်။ ၎င်းကဲ့သို့ကွဲလွဲမှုများမဖြစ်စေရန် အင်တာဗျူးဖြေစဉ် အလုပ်အကြောင်းအရာနှင့် လုပ်ငန်းခွင်ပုံစံကို အသေးစိတ် ရှင်းလင်းပြောပြခြင်းများဆောင်ရွက်ပေးနေပါသည်။
ဂျပန်နိုင်ငံမှ အလုပ်ခန့်အပ်သည့်ကုမ္ပဏီအနေဖြင့်လည်း အင်တာဗျူးစဉ်လုပ်သားများ၏ စိတ်နေသဘောထားနှင့် ဉာဏ်အရည်အချင်းတို့ကိုသေချာနားလည်သဘောပေါက်စေရန် ဂျပန်မြန်မာစကားပြန်ဖြင့် သိချင်သည်များမေးမြန်းနိုင်ရန် စီစဉ်ဆောင်ရွက်ပေးပါသည်

သင်တန်းကာလပြီးဆုံးပြီးနောက် လုပ်ငန်းသစ်ရှာဖွေခြင်း
လုပ်ငန်းခွင်မှ ထွက်ပြေးတိမ်းရှောင်သူအတော်များများသည် TIT Visa ဖြင့် သင်တန်း(အလုပ်)ကာလပြီးနောက် ဂျပန်နိုင်ငံတွင်အလုပ်အသစ်ရှာဖွေပုံကို မသိကြသူများဖြစ်ကြသည်။ TIT Visa အပြင် Tokutei Ginou Visaနှင့် Work Visaများရှိခြင်းနှင့် မည်သို့လျှောက်ထားရသည်များကို မသိသူကများကြသည်။ Toshin Group ကုမ္ပဏီများတွင် ဂျပန်နိုင်ငံတွင် Tokutei Ginou Visa ဖြင့်အလုပ်အကိုင်မိတ်ဆက်ပေးသော Gobit Co.,Ltd ရှိသောကြောင့် သင်တန်းသားကာလပြီးဆုံးသူများကို ဂျပန်နိုင်ငံတွင် ဆက်လက်အလုပ်လုပ်ကိုင်နိုင်ရန်လည်း စီစဉ်ဆောင်ရွက်ပေးလျှက်ရှိပါသည်
အထက်ပါနည်းလမ်းများဖြင့် အဖွဲ့ဝင်ကုမ္ပဏီများပူးပေါင်းကာ သင်တန်းသားလုပ်သားများ ထွက်ပြေးတိမ်းရှောင်ခြင်းများကို ကြိုတင်ကာကွယ်နိုင်ရန် လုပ်ဆောင်ကြိုးပမ်းလျှက်ရှိပါသည်

