JMTS ရဲ့ Training ကျောင်းသားများသည် Toshin Japanese Language & Training School မှ ပဏာမအင်တာဗျူးကိုအောင်မြင်ထားသူများကိုသာ မိတ်ဆက်ပေးပါသည်။ ကျောင်းဝင်ခွင့်ရရှိပြီးနောက်ပိုင်းမှာ အဆောင်စနစ်နှင့်အတန်းစနစ်ကိုကျင့်သုံးသောကြောင့် ကျောင်းသားတစ်ယောက်ချင်း၏စိတ်နေစိတ်ထားကိုသိနိုင်သလို ထူးခြားချက်များကိုလည်းသိရှိနိုင်သောကြောင့် ယုံကြည်မှုတည်ဆောက်ခြင်းကို ဦးစားပေးသောပညာရေးစနစ်ကို ကျင့်သုံးထားပါသည်။
TIT System ၏ရည်ရွယ်ချက်
နိုင်ငံခြားသားသင်တန်းသားစနစ်တွင် ဂျပန်နိုင်ငံက ဖွံဖြိုးဆဲနိုင်ငံများသို့ မိမိ၏နည်းပညာများကို မျှဝေခြင်းဖြင့် ဖွံဖြိုးဆဲနိုင်ငံများ၏စီးပွားရေးတိုးတက်မှုကို အထောက်အကူပေးခြင်း လူ့စွမ်းအားရင်းမြစ်များကိုပြုစုပျိုးထောင်ခြင်းများအတွက်ကူညီခြင်း စသည့်ရည်ရွယ်ချက်များပါဝင်ပါသည်(ဂျပန်နိုင်ငံအလုပ်သမားဝန်ကြီးဌာန)။
ဂျပန်နိုင်ငံမှ ဖွံဖြိုးဆဲနိုင်ငံများသို့ နည်းပညာလွှဲပြောင်းပေးအပ်ခြင်း(သင်ကြားပေးခြင်း)ကို အဓိကထားသည့်စနစ်ဖြစ်ပြီး ဂျပန်နိုင်ငံတွင် ၃နှစ် သို့မဟုတ် ၅နှစ်ပညာသင်ယူပြီးပါက မိခင်နိုင်ငံသို့ပြန်လာပြီး သင်ယူလာသောပညာဖြင့် မိခင်နိုင်ငံတိုးတက်ရေးအတွက် အကျိုးပြုနိုင်စေရန် ရည်ရွယ်ထားသောစနစ်ဖြစ်သည်
ဂျပန်နိုင်ငံမှ သင်တန်းသားလုပ်သားများကိုလက်ခံပေးခြင်းဖြင့် ဖွံဖြိုးဆဲနိုင်ငံများတိုးတက်ဖွံဖြိုးရေးကို အထောက်အကူဖြစ်စေခြင်းကို ဤစနစ်တွင်ထည့်သွင်းထားသည်။
TIT system ဖြင့်လုပ်ကိုင်ခွင့်ရှိသည့်အလုပ်အမျိုးအစားများ
လက်ရှိ ၈၅ မျိုး လုပ်ငန်းပေါင်း ၁၅၅မျိုးရှိပါသည်
Agriculture
2 category 6 work
Fishery
2 category 10 work
Construction
22 category 33 work
Food Manufacturing
11 category 18 work
Textile/Clothing
13 category 22 work
Mechanical/metal related
15 category 29 work
In addition, furniture, plastic molding, painting, welding, building cleaning, nursing care, hotel, rubber product manufacturing, airport ground handling, etc.
Currently , there are a total of 85 job types
and 155 work types
参考:https://www.jitco.or.jp/ja/regulation/occupation.html
TIT Visa
(ကုမ္ပဏီတိုက်ရိုက်ခန့်အပ်ခြင်း)
နိုင်ငံခြားတွင် ကုမ္ပဏီခွဲနှင့်စက်ရုံအလုပ်ရုံခွဲများရှိသည့်ကုမ္ပဏီများမှာခန့်အပ်သည့် ပုံစံဖြစ်သည်
ဂျပန်နိုင်ငံ မြန်မာနိုင်ငံရှိ အေဂျင်စီများ ပါဝင်လုပ်ဆောင်ခွင့်မရှိပါ
(Kumiai မှတဆင့် ခန့်အပ်ခြင်းပုံစံ)
Kumiai ဆိုသည်မှာ အကျိုးအမြတ်ကိုဦးတည်ခြင်းမဟုတ်သောအဖွဲ့အစည်းဖြစ်ပြီး ၎င်းအဖွဲ့အစည်းမှ တဆင့်ခေါ်ယူရသည့်ပုံစံဖြစ်သည်
Kumiai သည် Training visa နည်းစနစ်အတိုင်း Training လုပ်သားများကိုကြီးကြပ်ခြင်း စောင့်ရှောက်ကြည့်ရှုခြင်း စာရွက်စာတန်းများစုစည်းပြီး လျှောက်ထားပေးရခြင်း စသည့်လုပ်ငန်းဆောင်တာများကို ဂျပန်နိုင်ငံမှ လုပ်သားခေါ်ယူသော ကုမ္ပဏီကိုယ်စားလုပ်ဆောင်ပေးရပါသည်
လုပ်သားလက်ခံပုံအဆင့်ဆင့်
1
လိုအပ်ချက်များမေးမြန်းခြင်း
- Training / Tokutei Ginou အလုပ်အကိုင်များအတွက် အချက်အလက်များစစ်ဆေးခြင်း
- ဂျပန်ကုမ္ပဏီဘက်မှ လုပ်သားလက်ခံရန် အစီအစဉ်ဆွဲခြင်း၊ အလုပ်ခေါ်စာပြုစုခြင်း
- Kumiai / Shienkikan နှင့် မြန်မာနိုင်ငံမှ အေဂျင်စီတို့ စာချုပ်ချုပ်ဆိုခြင်း
2
လုပ်သားများခေါ်ယူခြင်းနှင့် အင်တာဗျူးခြင်း
- မြန်မာနိုင်ငံအေးဂျင့်တွင် အလုပ်ခေါ်စာအတိုင်း Toshin Japanese Language & Training School တွင် လုပ်သားများစုဆောင်းခြင်း
- အင်တာဗျူးခြင်း (အွန်လိုင်း / ကျောင်းတွင်)
- အလုပ်ခန့်အပ်ခြင်း / လုပ်သားစာချုပ်ချုပ်ဆိုခြင်း
3
ဂျပန်ပြည်ဝင်ခွင့်အတွက်လျှောက်လွှာတင်ခြင်း
- နိုင်ငံခြားသားလုပ်သားများကိုကြီးကြပ်သည့်အဖွဲ့အစည်း(OTIT)သို့ လျှောက်လွှာတင်ခြင်း(ဂျပန်)
- လဝက သို့ ပြည်ဝင်ခွင့်လျှောက်လွှာတင်ခြင်း(COE)(ဂျပန်)
- အလုပ်သမားဝန်ကြီးဌာနသို့ လျှောက်လွှာတင်ခြင်း (မြန်မာ)
- ဂျပန်သံရုံးတွင် ဗီဇာလျှောက်ခြင်း (မြန်မာ)
4
ဂျပန်မရောက်မီ သင်ကြားရေး
- လျှောက်လွှာတင်ခြင်းအဆင့်ဆင့်လုပ်ဆောင်နေစဉ် မြန်မာနိုင်ငံတွင် ဂျပန်စာဆက်လက်သင်ကြားခြင်း
Toshin Japanese Language & Training School တွင် ဂျပန်ဘာသာစကား၊ ယဉ်ကျေးမှု၊ အလေ့အထများ၊ လုပ်ငန်းခွင်သိသင့်သည်များကို သင်ယူရပါမည်
5
ဂျပန်ရောက်လျှင်
- ဂျပန်သံရုံးမှ ဗီဇာရရှိပါက လေယာဉ်လက်မှတ်ဝယ်ယူခြင်း
- ဂျပန်ရောက်ပါက လေဆိပ်တွင်လာရောက်ကြိုပေးပါသည် (Kumiai)
- ဂျပန်ရောက်ရှိပြီးနောက် သတ်မှတ်ထားသော လေ့ကျင့်ရေးကျောင်းတွင် ၁လ လေ့ကျင့်သင်ကြားရသည်
- သက်ဆိုင်ရာလုပ်ငန်းခွင်သို့ (ဂျပန်ရောက်ပြီး ၂လမြောက်တွင် သက်ဆိုင်ရာကုမ္ပဏီတွင် အလုပ်စဝင်ရပါမည်
6
သက်ဆိုင်ရာလုပ်ငန်းခွင်ရောက်ပြီးနောက်
- Kumiai မှ သတ်မှတ်ထားသည့်အတိုင်း လာရောက်တွေ့ဆုံပါမည်
- ရပ်ကွက်ရုံးတွင်လိပ်စာပြောင်းခြင်းနှင့် ဘဏ်အကောင့်ဖွင့်ခြင်းများကို လုပ်ဆောင်ပေးပါမည် (Kumiai)
- Training No.2 အတွက်စာမေးပွဲဖြေခြင်း
(ဂျပန်ရောက်ပြီး ၉လအကြာ) - စာမေးပွဲမအောင်ခဲ့ရင် Training အဆင့် ၂ (ဒုတိယနှစ်)သို့ သက်တမ်းတိုးလို့မရပါ
(Tokutei Ginou မှာတော့ စာမေးပွဲမရှိပါ) - Training အဆင့်၂ ၊ အဆင့် ၃ သို့သက်တမ်းတိုးခြင်းများကို ဆောင်ရွက်ပေးခြင်း (ဒုတိယနှစ်နှင့် တတိယနှစ်ပြီးနောက်ပိုင်း)
နိုင်ငံခြားသားလုပ်သားများ လက်ခံခြင်းကို JMTS ၏ Kumiai တွင်လည်း ဆောင်ရွက်နိုင်သည်
လုပ်ငန်းဆောင်ရွက်ရန်အသေးစိတ်နှင့် ကုန်ကျစရိတ်ကို သီးခြားဆက်သွယ်ပါ