
2022 May တွင် အသစ်ဖွင့်လှစ်လိုက်တဲ့ ဂျပန်စာနဲ့အလုပ်အကိုင်လေ့ကျင့်သင်ကြားရေးကျောင်းဖြစ်ပါတယ်။ JMTS အေဂျင်စီ၏ လေ့ကျင့်သင်ကြားရေးကျောင်းဖြစ်ပါတယ်။
JMTS အေဂျင်စီမှ သင်တန်းသားများသည် Toshin Japanese Language & Training School တွင် ၆ လတာ ဂျပန်စာ၊ ဂျပန်ယဉ်ကျေးမှု၊ အလေ့အထများနှင့် လုပ်ငန်းခွင်မှဗဟုသုတများကို သင်ယူရပါသည်။
Toshin Japanese Language & Training Schoolတွင် စိတ် ပညာ ခန္ဓ ကိုညီမျှအောင်ထိန်းညှိခြင်းကိုလည်း သင်ခန်းစာတစ်ခုအနေဖြင့်ထည့်သွင်းထားသောကြောင့် ဂျပန်ရောက်ပြီးနောက်ပိုင်းတွင်လည်း လိုက်လျေညီထွေနေတတ်စေရန် သင်ကြားပို့ချပေးလျှက်ရှိပါသည်။
စိတ် | ဂျပန်တွင် နာမ်ပိုင်းဆိုင်ရာ၊ တွေးခေါ်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာ သင်ကြားမှု |
အဆောင်ဘဝတစ်လျှောက်တွင် အဖွဲ့လိုက်ပူးပေါင်းလုပ်ဆောင်ခြင်း။ | |
နည်းပညာ | N5/N4 ဂျပန်စကားပြောစွမ်းရည် |
ဂျပန်ယဉ်ကျေးမှု၊ ကျင့်ဝတ်၊ အမူအကျင့်နှင့် ဓလေ့ထုံးတမ်းများကို ရယူခြင်း။ | |
ခန္ဓာ | အခြေခံ ကာယဗလ ဖွံ့ဖြိုးတိုးတက်ရေး |
ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်မှု အလေ့အထ နှင့် အာဟာရ အသိပညာပေးခြင်း |
စိတ်
အတန်းဖော်အချင်းချင်းအတူတကွလေ့လာသင်ယူခြင်းနှင့် ဂျပန်နိုင်ငံဓလေ့များကိုသင်ကြားပေးခြင်းဖြင့် ဂျပန်နိုင်ငံသို့ရောက်ပြီးနောက်ပိုင်းတွင်လည်း ပြဿနာပေါ်ပေါက်ခြင်းမရှိဘဲ လုပ်ငန်းခွင်တွင်အဆင်ပြေချောမွေ့စွာ ပေါင်းသင်းဆက်ဆံနိုင်ရန်ကိုရည်ရွယ်လေ့ကျင့်ပေးသည်
လူနည်းစုဖြင့်သင်ကြားခြင်း
သင်တန်းတစ်ခုတွင် လူအယောက် ၂၀သာထားရှိပြီး စကားပြောကို အဓိကထားသော သင်ကြားပုံဖြစ်သည်။ ဂျပန်လူမျိုးဆရာများနှင့်အတူ လေ့ကျင့်သင်ကြားပေးခြင်းဖြင့် စကားပြောကိုလည်း ချောမွေ့လျှင်မြန်စွာ တတ်မြောက်နိုင်သည်
အဆောင်နေထိုင်ခြင်းစနစ်
ဂျပန်နိုင်ငံသို့မထွက်ခွာမီ ၆လကြာ အဆောင်တွင်နေထိုင်စေပြီး အတူအကွသင့်မြတ်စွာနေထိုင်တတ်အောင် သင်ကြားပေးသည်။ အမှိုက်ပစ်နည်း ရည်မွန်စွာနှုတ်ဆက်ခြင်း ခန္ဓာကိုယ်ကျန်းမာရေးဗဟုသုတများပါ လမ်းညွှန်သင်ကြားပေးသည်
အတန်းအလိုက် team work တည်ဆောက်ခြင်း
အတန်းအလိုက် ပူးပေါင်းဆောင်ရွက်မှုကို အလေးပေးသင်ကြားပေးပါသည်။ ရာသီအလိုက်ပျော်ပွဲရွှင်ပွဲများကိုလည်း အတန်းအလိုက်ဆောင်ရွက်စေပြီး ကျောင်းသားအချင်းချင်း ပိုမိုစည်းလုံးမှုရရှိစေပါသည်
ဂျပန်အလေ့အထများသင်ကြားခြင်း
မနက်ခင်းအမှာစကားပြောခြင်း နေ့လည်စာအတူစားခြင်း အတူတကွသန့်ရှင်းရေးလုပ်ခြင်း စသည့်အလေ့အထများကို လုပ်ဆောင်စေပြီး အစားအသောက် manner နှင့် 5S ကိုလည်း နေ့စဉ်လေ့ကျင့်သင်ကြားပေးနေပါသည်
5S လေ့ကျင့်သင်ကြားခြင်း
5S ကို အစဉ်တစိုက်ကျင့်သားရနေစေခြင်းဖြင့် လုပ်ငန်းခွင်မှာလည်း အဆင်ပြေစွာလိုက်နာဆောင်ရွက်နိုင်မည်ဖြစ်သည်။ သင်တန်းကျောင်းတစ်ခုတည်းမှာတင်မဟုတ်ဘဲ အဆောင်မှာပါ 5S ကို လိုက်နာကျင့်သုံးစေပါသည်
လစဉ် ပျော်ပွဲရွှင်ပွဲများ
ဆရာနှင့်ကျောင်းသားများပူးပေါင်း၍ ပျော်ပွဲရွှင်ပွဲအစီစဉ်များကို ပူးပေါင်းဆောင်ရွက်ပြီး ဂျပန်ယဉ်ကျေးမှုကို ကိုယ်တိုင်ထိတွေ့ခံစားနိုင်အောင်စီစဉ်ထားပါသည်။ ပျော်ပွဲရွှင်ပွဲများမှ အချင်းချင်းပိုမိုရင်းနှီးခင်မင်မှုရစေပြီး ဆက်ဆံရေးကောင်းမွန်စေသော အကျိုးကျေးဇူးများရရှိနိုင်ပါသည်



နည်းပညာ
1. ဂျပန်စာနှင့်စကား
ဂျပန်စာနှင့်စကား
တစ်ရက် ၆နာရီ တစ်ပတ် ၅ရက်ဖြင့် သင်ကြားပေးသည့်အတွက် အနည်းဆုံး နာရီ ၂၀၀ အထက် စာလေ့လာချိန်ရှိပါသည်
ဂျပန်လူမျိုးဆရာများနှင့်သင်ကြားခြင်း
ဂျပန်လူမျိုးဆရာ ၂ယောက်နှင့် စကားပြောများလေ့ကျင့်ရခြင်းကြောင့် သဘာဝကျသော ဂျပန်စကားကိုလေ့လာနိုင်သလို လုပ်ငန်းခွင်တွင်လည်း ဂျပန်လူမျိုးများနှင့် အဆင်ပြေစွာပေါင်းသင်းဆက်ဆံနိုင်မည် ဖြစ်ပါသည်
ပျော်ပွဲရွှင်ပွဲများမှ ဂျပန်စာလေ့လာခြင်း
ပျော်ပွဲရွှင်ပွဲများတွင် ဂျပန်ဆရာများနှင့်အတူပါဝင်ဆင်နွှဲပြီး ပုံနှိပ်စာအုပ်တွင်မပါဝင်သော ဂျပန်စကားကို အနီးကပ် သဘာဝကျကျလေ့လာနိုင်သလို ပို၍လည်းမှတ်မိနိုင်မှာဖြစ်ပါသည်



2. လုပ်ငန်းလေ့ကျင့်သင်ကြားခြင်း
လုပ်ငန်းခွင်ပညာရပ်လေ့ကျင့်သင်ကြားခြင်း
ဂျပန်နိုင်ငံလုပ်ငန်းခွင်တွင် လျှင်မြန်စွာအသားကျစေရန် သွားရောက်လုပ်ကိုင်ရမည့်လုပ်ငန်းမှ စကားလုံးနှင့်ဝေါဟာရများကို သင်ကြားပေးခြင်း၊ လုပ်ငန်းတွင်းညွှန်ကြားရာတွင်သုံးလေ့ရှိသော ဂျပန်စကားများကို သင်ကြားပေးခြင်းဖြင့် လုပ်ငန်းခွင်တွင်အမှားနည်းအောင် ကြိုတင်လေ့ကျင့်သင်ကြားပေးသည်
လက်တွေ့လေ့ကျင့်သင်ကြားခြင်း
လုပ်ငန်းနှင့်လိုက်ပြီး JMTS ၏ မိတ်ဖက်ကုမ္ပဏီ လေ့ကျင့်ရေးသင်တန်းကျောင်းတွင် လက်တွေ့လေ့ကျင့်ပေးသည်။ လုပ်ငန်းခွင်တွင် လုပ်ကိုင်ရမည့်အကြောင်းအရာကို ကြိုတင်လေ့ကျင့်ထားခြင်းဖြင့် ခန္ဓာကိုယ်တွင်တပါတည်းမှတ်မိ အသားကျနေစေရန်ရည်ရွယ်ပါသည်


ခန္ဓာ
ကိုယ်ကာယလေ့ကျင့်ခန်း
တစ်ပတ်ကို ၃ကြိမ် ကာယလေ့ကျင့်ခန်းအချိန်ကိုထည့်သွင်းထားသည့်အပြင် မိမိတို့အစီအစဉ်ဖြင့် မနက်စောစော အပြေးလေ့ကျင့်ခြင်းများလုပ်ဆောင်နိုင်ရန် စီစဉ်ထားပါသည်
ကျန်းမာရေးနှင့်သင့်တော်သော နေ့လယ်စာကျွေးမွေးခြင်း
မြန်မာအစားအစာတွင် အဆီနှင့်ကဆီဓာတ်ပါဝင်မှုများသောကြောင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ နေ့လယ်စာကိုစီစဉ်ကျွေးမွေးပါသည်။ ကျန်းမာရေးကောင်းမွန်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှသာ စာလည်းကောင်းမွန်စွာလေ့လာနိုင်မည်ဖြစ်သည်
အာဟာရသင်ခန်းစာ
ဂျပန်နဲ့မြန်မာ၏အစားအစာဓလေ့များမတူညီပါ။ ထိုအတွက် ဂျပန်ရောက်ပြီးနောက်ပိုင်း ခံတွင်းမတွေ့သည့် အစားအစာများကြောင့် ကျန်းမာရေးချို့ယွင်းမှုမရှိစေရန် မည်သို့မည်ပုံအာဟာရမျှတအောင်ချက်ပြုတ်စားရမည်ကို တပါတည်းသင်ကြားပေးပါသည်



Toshin မှ အခြားပြင်ပအတန်းများ
ဘာသာစကားတစ်ခုတည်းမဟုတ်ဘဲ ဂျပန်နိုင်ငံလုပ်ငန်းခွင်နှင့် နေ့စဉ်ဘဝမှာ တစ်ယောက်တည်းရပ်တည်နိုင်ရန် လုပ်ငန်းခွင်အတွက်အကျိုးရှိတဲ့လုပ်သားကောင်းဖြစ်အောင် ဂျပန်စာမဟုတ်တဲ့ ပြင်ပအတန်းများကိုလည်း ထည့်သွင်းထားပါသည်
ဂျပန်တွင်နေထိုင်မှုပညာပေး
ဂျပန်နိုင်ငံပညာရေးတွင်သင်ကြားလေ့ရှိသော လူ့သဘာဝပတ်ဝန်းကျင်နှင့် အိမ်တွင်းမှုပညာများကို Toshin ကျောင်း၏ပြင်ပသင်ခန်းစာများအဖြစ်ထည့်သွင်းသင်ကြားပေးပါသည်
Sex Education
ဂျပန်နိုင်ငံ၏ သန္တေတားစီးပုံနှင့်မိမိ၏ရည်မှန်းချက်ပလန်ချမှတ်ခြင်းများကို သင်တန်းတွင်ထည့်သွင်းသင်ကြားပေးပါသည်
သဘာဝဘေးအန္တရာယ်ကာကွယ်ခြင်း
ငလျင်မှအန္တရယ်ကင်းစေရန်ကာကွယ်ရေးလေ့ကျင့်မှုများ မီးအန္တရာယ်မှကာကွယ်မှုများ စသည့် အရေးပေါ်အချိန်တွင် သိထားသင့်သည့်အကြောင်းအရာများကို သင်တန်းတွင်ထည့်သွင်းသင်ကြားပေးပါသည်
သန့်ရှင်းရေး
နေ့စဉ် သင်ခန်းစာပြီးနောက် ကျောင်းသန့်ရှင်းရေးကိုလုပ်ဆောင်ရသည်။ နေ့စဉ်နှင့်အမျှ 5Sကို ကျင့်သုံးနိုင်အောင် လေ့ကျင့်သင်ကြားပေးသည်
အနာဂတ်ပလန်ချမှတ်ခြင်း
ပြည်ပတွင်ငွေရှာရန်တစ်ခုတည်းမဟုတ်ဘဲ ပညာပါရှာနိုင်ရန် ဂျပန်မသွားခင်ကတည်းက အနာဂတ်ရည်မှန်းချက်ကို သေချာစွာဆောင်တည်ထားရန်လိုအပ်ပါသည်။ ၎င်းအတွက် ကျောင်းသားများမိမိအနာဂတ်တွင်ဖြစ်ချင်သည့်အကြောင်းအရာကို ပုံဖော်နိုင်ရန် လေ့ကျင့်သင်ကြားပေးသည်
စားသောက်ပွဲများ manner
ဂျပန်နိုင်ငံလုပ်ငန်းခွင်များတွင်ကျင်းပလေ့ရှိသော စားသောက်ပွဲများတွင် အံဝင်ခွင်ကျလိုက်လျှောညီထွေပါဝင်နိုင်ရန် စားသောက်ပွဲ manner များပါ အလေ့အကျင့်ဖြစ်အောင်ထည့်သွင်းသင်ကြားပေးသည်



Toshin Japanese Language & Training School မှ ဆရာများမိတ်ဆက်

ဂျပန်ဆရာ သက်ဝေ(ဆရာများတာဝန်ခံ)
JLPT N2 အောင်မြင်ပြီး (၂၀၀၆ခုနှစ်)
ဂျပန်စာသက်တမ်း : ၁၆နှစ်ခရီးသွားကုမ္ပဏီတွင် နှစ်စဉ် ဂျပန်ခရီးသွား ၁၀၀ ခန့်ကိုလမ်းညွှန်လုပ်ဖူး

ဂျပန်ဆရာ အောင်ရဲထွဋ်
ဂျပန်စာသက်တမ်း ၁၆နှစ်
ဂျပန်ခရီးသွားအဖွဲ့ ၁၂၀ (၆၀၀ဦး) ကိုလမ်းညွှန်လုပ်ဖူး
စိုက်ပျိုးရေး မြို့နယ်ရုံး တက္ကသိုလ် ဆေးရုံစသည့်နေရာများနှင့်သက်ဆိုင် ကုမ္ပဏီ ၁၀ခုတွင် ဘာသာပြန်စကားပြန်လုပ်ဖူး
ဂျပန်ဆရာအဖြစ် ၅နှစ်အတွင်း ကျောင်းသား ၁၀၀ ကိုသင်ကြားဖူး

ဂျပန်ဆရာ အောင်ကျော်မိုး
ဂျပန်စာသက်တမ်း ၂၇နှစ်
ဂျပန်ခရီးသွာ: ၃၃၉ဖွဲ (၂၄၅၀ဦး)ကို လမ်းညွှန်လုပ်ဖူး
ဂျပန် ODAနှင့် ဂျပန်ကုမ္ပဏီများ(၅ခုနှင့်အထက်)တွင် စကားပြန်ဘာသာပြန်လုပ်ကိုင်ဖူး

သန်းတိုးအောင်
JLPT N2 အောင်မြင်ပြီး
ကျောင်းတွင်ပျော်ရွှင်ပွဲ
ကျောင်းသားများကိုယ်တိုင်စီစဉ်သော ကျောင်းပျော်ရွှင်ပွဲအပြင် တစ်ပတ်တစ်ခါ ဂျပန်ယဉ်ကျေးမှုများကို ကိုယ်တိုင်ထိတွေ့ခံစားရသော ပျော်ရွှင်ပွဲများလည်းရှိသည်။
ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းကိုပါ ကျောင်း၏လုပ်ဆောင်မှုတစ်ခုအနေဖြင့် သင်ကြားပေးပါသည်



